Abstract

Focusing on demonstrations held outside Yangon, Myanmar, in favor of urban development, this article intervenes in the binaries of “truth” versus “falsity” and the “genuine” versus “fake” to advance anthropological theorization on demonstration, speculation, and spectacle. The article traces contrasting claims about “real farmers” and their “genuine desires,” as marshaled by both supporters of a large-scale urban project and those who oppose it. It argues that the notion of “the front” helps illuminate the strategic and pragmatic frames in which spectacles are staged, as well as amid the “economy of appearances” that Anna Lowenhaupt Tsing argues are generated by transnational investment. Narrating the flattening of social relations and political motivations by project-affected residents, the notion of the front displaces simple binaries by emphasizing a conjuring of self and locality increasingly widespread when residents are, themselves, absorbed into the speculative land markets that large-scale investment creates.  ဆောင်းပါးအနှစ်ချုပ် ယခုဆောင်းပါးသည် မြန်မာနိုင်ငံ ရန်ကုန်မြို့ပြင်နေရာများတွင် ဖြစ်ပွားခဲ့သည့် မြို့ပြဖွံ့ဖြိုးရေး ထောက်ခံဆန္ဒပြပွဲများကို အာရုံစိုက်လေ့လာကာ၊ “အမှန်တရား” နှင့် “လုပ်ကြံဖန်တီးမှု”၊ “အစစ်အမှန်” နှင့် “အတုအယောင်” အစရှိသည့် ဘက်နှစ်ဖက်အနေအထားများကို ဝင်ရောက် ဆွေးနွေးသုံးသပ်ခြင်းအားဖြင့်၊ ဆန္ဒထုတ်ဖော်ခြင်း၊ ထင်ကြေးပေးခြင်း၊ သရုပ်ဖော်ပြသခြင်း ကိစ္စရပ်များအပေါ် မနုဿဗေဒရှုထောင့်မှ သီအိုရီများ ပိုမိုတည်ဆောက်ဖော်ထုတ်နိုင်ရန် ရည်ရွယ်ရေးသားထားပါသည်။ ယခုဆောင်းပါးသည် အကြီးစားမြို့ပြစီမံကိန်းတခုကို ထောက်ခံနေသူများနှင့် ဆန့်ကျင်ကန့်ကွက်ကြသူများ နှစ်ဖက်စလုံးက စီစဉ်ပုံဖော်နေကြသည့် “လယ်သမားအစစ်” ဆိုသည် နှင့် ၎င်းတို့၏ “လိုအင်ဆန္ဒအစစ်အမှန်” ဆိုသည်တို့အပေါ် ကွဲလွဲစွာ သတ်မှတ်ကြေညာ ပြောဆိုနေကြခြင်းများကို ခြေရာခံ ရေးသားထားခြင်း ဖြစ်ပါသည်။ သုတေသီ Anna Lowenhaupt Tsing တင်ပြခဲ့သည့်အဆိုဖြစ်သော ပြကွင်းပြကွက် ရင်းနှီးမြုပ်နှံမှုများကြောင့် ပေါ်ပေါက်လာသည့် “အသွင်အပြင်ပဓာန စီးပွားရေးစနစ်”အလယ်တွင် “မျက်နှာစာ” ဆိုသည့် အယူအဆ ရှုမြင်သုံးသပ်ပုံသည် ပုံဖော်ပြသမှုများကို ဗျူဟာမြောက်ပြီး လက်တွေ့ကျသော မူဘောင်များအတွင်းမှ စီစဉ်ဖန်တီးနေကြခြင်းဖြစ်ကြောင်း နားလည်မြင်သာစေရန် အထောက်အကူပြုသည်ဟု ဤဆောင်းပါးက အဆိုပြုတင်ပြလိုခြင်းဖြစ်သည်။မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဒဏ်ခံကြရသော ဒေသခံများ၏ လူမှုဆက်ဆံရေးနှင့် နိုင်ငံရေးစေ့ဆော်မှုများ ထိုင်းမှိုင်းရပ်တန့် သွားရခြင်းအကြောင်း ရေးသားတင်ပြရာတွင်၊ “အပြ မျက်နှာစာ” ဆိုသည့် ယူဆသုံးသပ်ပုံက၊ ဒေသခံများအနေဖြင့် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ကြောင့်ဖြစ်ပေါ်လာသည့် မှန်းဆတွက်ချက် မြေယာစျေးတက်မှုများ အကြား ၎င်းတို့ကိုယ်တိုင် ရောက်ရှိသွားကြရသည့်အခါတွင်၊ ကိုယ်တိုင်ရှုမြင်ထားသော “မိမိ” ဆိုသည့် အတ္တ နှင့် “နယ်မြေအနေအထား”ဆိုသည်တို့ ပိုမိုကျယ်ပြန့်လာသည်များကို အလေးပေးခြင်းအားဖြင့်၊ အစစ်နှင့်အတု ဘက်နှစ်ဖက်သာ ရှိသည်ဆိုသည့် ရိုးရှင်းသောအမြင်ကို ပယ်ဖျက်သွားသည်။

Full Text
Published version (Free)

Talk to us

Join us for a 30 min session where you can share your feedback and ask us any queries you have

Schedule a call